မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, November 10, 2009

မျှော်လင့်ချက်

ရေးချင်တာ ရေးထားဖို့
နှလုံးသားဆိုတာ
စာရွက်ပြင်ကျယ်ကြီးမှ မဟုတ်တာ
ရေးပြီး ပြန်ဖျက်လို့ရတဲ့
အလွယ်သုံး ကျောက်သင်ပုန်းလည်း
မဟုတ်ခဲ့ဘူးလေ။
အနီရောင်တွေ တထပ်ပြီး တထပ် ထေး
စွန်းရေးခဲ့တာ ခဏ မကတော့ဘူး။
ဒီအရာတွေ ပြေဖို့
ခဲဖျက်၊ မင်ဖျက်တွေ ထပ်ဆွေးသွားမယ်။
ပျောက်ပျက်လိမ့်မယ်လို့တော့
နဂိုတိုင်း ပြန်ရဖို့
ဟန်ပြလေးတောင် ငါ မမြင်ပါဘူးကွယ်။
လွမ်းနေတတ်ရုံနဲ့
ဒီငရဲခန်းက လွတ်မယ်တဲ့လား
စမ်းတဝါးဝါးပေမယ့်
မျှော်လင့်ချက်တွေ ဆက်ရှေ့
မနက်အသစ်တွေကို
တို့တွေ အတူမွေးဖွားမယ်။
ဟိုးးးးးခပ်ပျပျမှာ
အထပ်ထပ် မွနေတဲ့
ခပ်ဖွဖွ အပြုံးတွေ ရှိတယ်။
လာ တူတူ လျှောက်မယ်။
ရောက်တဲ့နေရာ ကိုယ်စီပိုင်ဖို့
ငါတို့ အတူ ရှိမယ်။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

5 comments:

  1. မင်း10/11/09

    လာသွားတယ်ဟာ ငါလောလောဆယ် ကဗျာတွေ အရုံမရသေးလို့နောက်မှ သေချာ လာသမမယ် ဘိုင်

    ReplyDelete
  2. ရောက်တဲ့နေရာ ကိုယ်စီပိုင်ဖို့
    ငါတို့ အတူ ရှိမယ်။
    စီးပွားရေးသောင်းကြမ်းချက်ကဗျာ..... ကဗျာထဲမှာတောင် နှစ်နေရာ ပိုင်ချင်နေကြတာ။ တခုကနေဖို့ တခုက ငှားဖို့လား ရောင်းဖို့လား။ ကြိုပြောထားနော်။ ပွဲစားလုပ်ပေးမယ်။

    ReplyDelete
  3. လွမ်းနေယုံနဲ့ အဲဒီငရဲခန်းက မလွတ်နိုင်ဘူးနော်..နှလုံးသားရဲ့ထောင့်တစ်နေရာမှာတော့ ကိုယ်ပိုင်အခန်းလေးတွေ ကိုယ်စီရှိပါရဲ့...အလွမ်းတွေထည့်သိမ်းထားဖို့လေ...

    ReplyDelete
  4. မျှော်လင့်ချက်တွေ ပြည့်ဝနိုင်ပါစေ .. မေလေးရေ..

    ReplyDelete
  5. ဒီကဗျာလေးကို အတော်သဘောကျတယ်။ မျှော်လင့်ချက်ဆိုတာတော့ လူတိုင်းမှာရှိကြတာပါပဲ။ မေလေးရေ ကဗျာလေးကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete