မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, November 10, 2009

ကျောက်တုံးတစ်တုံးရဲ့.......

ငါလည်း လွမ်းတတ်သားပဲ
မလှုပ်မယှက်နဲ့
မသိသလို ငြိမ်သက်
တကယ်တော့ ငါ ခေါင်းမတ်နေခဲ့တာပါ။
ခဏလေး မှေးတင်
သူ့မေးဖျားလေးမှာ
ဖွဖွလေးပြုံးအောင်
ငါ ရင်ကော့ထားခဲ့တာပေါ့။
ခပ်ဖိဖိလေးပဲ ထိုင်ထိုင်
ခပ်နိုင်နိုင်ပဲ ဆောင့်ဆောင့်
သူ့အတွက်ဆို ငါ
ရင်ဘတ်ကြီးတွေတောင် အောင့်လို့
ကျောတောင့်အောင် ရပ်နေဦးမှာပါ။
ငါ့ကိုယ်ပေါ် ချနင်း
သူ့ခြေကျင်းဝတ်လေးကို
ငါ့နားမှာ တွတ်တီတွတ်တာ
သူ့စကား လေသံသာကို
ငါ့ဘေးမှာ ထိုင်ငေး
သူ့မျက်ရည်ထွေးထွေးကို
ငါလည်း လွမ်းတတ်သားပဲ။
ညတွေမှာ ပင်လယ်လှိုင်းတွေ အပြေးတွေ့
ထွေးပွေ့ချင်စရာပေမယ့်
သမုဒယကို ကြိုးချည်
တယုတယကို ရိုးရည်ခဲ့တာပါ။
သူ့ကို မျှော်လျက်
အခေါ်လည်း ခက်သမို့
သူ မသိပေမယ့်
လူလည်း မပီခဲ့တဲ့
ငါလေ...
ခပ်မတ်မတ် ရပ်နေပေမယ့် လွမ်းတတ်ပါတယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

4 comments:

  1. သတိရတယ်မေလေးရေ့

    ReplyDelete
  2. ခပ်မတ်မတ်ရပ်နေသူက
    အလွမ်းတွေညွတ်ကိုင်းကျနေပါလားဗျိုးးး

    ReplyDelete
  3. မေလေးရေ....အဲဒီကျောက်တုံးလေးဘ၀ကို စာနာမိပါရဲ့...သူကရင်ကော့ထားပေမယ့် အလွမ်းတွေတပွေ့တပိုက်နဲ့နော်...

    ReplyDelete
  4. မေလေးရေ ..
    ကဗျာတွေ ဖတ်ရတာ အလွမ်းတွေကြည့် ရစ်ပတ်နေတယ် ..
    ကျောက်တုံးဘွဲ့ ခံပြီး မာနေရပေမဲ့ လွမ်းတတ်နေတုံးပဲ ..ဟုတ်..

    ReplyDelete