မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Wednesday, November 11, 2009

ခဏလေး ငှားပါ။

ချစ်သူ
ခေါ်ချင်သူ အမျက်မဖြေတော့
ရက်တွေ ကော့ပျံနေအောင်လည်း
ငါ လွမ်းဖူးပါတယ်။
ချစ်သူ
မျှော်နေသူ အလွမ်းတွေ နင့်နေတော့
ကျွမ်းနှင့်သူ ရက်တွေထဲ
ငါ မျှော်မှန်းဖူးတယ်။
ချစ်သူ
သူမတူအောင် ချစ်ခဲ့တာကိုတော့
ပြစ်ဖွဲ့ကာ ရည်ဆို
သေဆိုလည်း ငါ သေနေတတ်ခဲ့ပါတယ်။
ချစ်သူ
တဖွဖွ ခေါ်သံကြား
ပြန်လာမလားရယ်လို့
ငါ တမ်းတဖူးတယ်။
ချစ်သူ
နေပါကွယ်
ပျော်ရာမှာ တော်သလိုနေ
ခေါ်မနေချင်တော့ပါဘု
အပူမိတာ ဘယ်သူမြင်
ဘယ်ရင် ဘယ်လိုကျွမ်းတယ်လို့
လွမ်းစာတွေလည်း ဖွဲ့မနေဖြစ်တော့
ချစ်သူရဲ့ ခပ်သဲ့သဲ့ အပြုံးလေး
(မသုံးဖြစ်ရင်)
ယဲ့ယဲ့လေး အသုံးဝင်အောင်လို့
တဒင်္ဂဖြစ်ဖြစ် ငှားစေချင်ပါတယ်။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

4 comments:

  1. ဒီကဗျာလေးလည်းကောင်းတယ်မေလေးရေ
    ဘာမှတော့မပြောတော့ဘူးနော်
    nice poem :D

    ReplyDelete
  2. ချစ်သူရဲ့ အပြုံးကိုခဏငှားတာပေါ့နော်...ဟီးး)

    ReplyDelete
  3. ဟဟ ..ကောင်းတယ်ကွ ဒီကဗျာလေး .. ချစ်သူရဲ့ အပြုံးကိုခဏငှားတာ .. အင်း .. အမောပြေမယ်ထင်တာ လုပ်ကြည့်ပေါ့ ကွာ ...
    ပျော်ရွှင်ပါစေ ..

    ReplyDelete
  4. ကဗျာလေး ဖတ်ရှုခံစားသွားပါတယ်ဗျာ။

    yu ya

    ReplyDelete