မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, December 17, 2009

၂၀၀၉

ငါ နှုတ်ဆက်တော့မယ်။
ဘယ်အရာကမှ မမြဲဘူးဆိုဆို
ငါကတော့ ဒီတစ်နှစ်ကိုသာ မပိုမလို
အတိအကျ တက်ခွင့်ရခဲ့တာလေ။
ဒီထဲမှာ မုန်တိုင်းတွေ ပေစွန်း
ရေခဲတွေ ရွေ့လျား
ငါလည်း တလွန့်လွန့်လူးနေခဲ့ရတာပဲ။
ငါ့အတွက် နောက်တစ်ကြိမ်ဆိုတာ
ဘယ်တော့မှ ရှိမလာနိုင်တော့တဲ့
ဒီအချိန်ထဲမှာ
ငါ လှလှပပ ကပြခဲ့ရဲ့လား။
တွားသွားတတ်စ ကလေးလေးလို
နှစ်ထောင့်တစ်ဆယ်က
အသာကလေး ရယ်နေတတ်နေပြီ။
သူလည်း မကြာပေမယ့်
သူနေရသမျှလေး သာယာစွာ
ကပြနိုင်ဖို့ ငါ ဘာမှလည်း အစမပြုခဲ့မိပါလား။
ကြည့်စမ်း။
နောက်နည်းနည်းဆို ငါက
အားယူစိုင်းပြင်း
ဖျတ်ခနဲဆို -ခုန်ဆင်းရတော့မှာပဲ။
နွေတွေရှည်ပြီး
လမ်းတွေ ခြောက်ဦးမှာလား။
နှင်းတွေပြိုပြီး
ဆောင်းတွေ ငိုဦးမှာလား
မိုးတွေ စွေလို့
ကပ်ကမ္ဘာကို ဆက်ကာသွားရဦးမှာလား။
လားပေါင်းများစွာထဲ
ခေါက်တုံ့ခေါက်ပြန်လျှောက်
ငါ ခဏခဏပြန်ပြန်ရောက်နေတာက
ခု ငါခုန်ဆင်းရတော့မယ့်ကာလ။
ဒီတော့ ..... အသေအချာနှုတ်ဆက်
မင်္ဂလာမနက်နဲ့
အေးချမ်းညခါ သာယာစေဖို့
ရှေ့ကပြဲီးခဲ့ နောင်ကြီးတွေလို
ဆုကလေးပဲ တောင်းမိတော့တယ်။
ကမ္ဘာကြီး ကျန်းမာ
ပျော်ရွှင်သာယာ ရှိကြပါစေ။

၀၀၉ ဒီဇင်ဘာဝင်တော့ ဒီကဗျာကို ရေးချင်နေခဲ့တာ။ ခုလည်း ဦးနှောက်က ညောင်းနေပေမယ့် ရတဲ့ အခွင့်အရေးလေးမှာ မလွတ်အောင် ရေးချလိုက်တယ်။ ၂၀၀၉ မှာ ခင်ခဲ့၊သိခဲ့သူတွေ မင်္ဂလာပါရှင် ။ နောက်ထပ်သိဦးမယ့်သူတွေကို လည်း မင်္ဂလာပါလို့။။။။။။ ကျန်းမာပျော်ရွှင်ပါစေ

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

2 comments:

  1. ဟား ..မိုက်တယ် ..
    နှုတ်ခွန်းဆက် ကဗျာလေးက ..
    ဟုတ်တယ် မေလေးရေ ..
    ကိုယ်တို့တွေ လားပေါင်းများစွာနဲ့ 2010 ကို ရင်ခုန်မျှော်လင့်ကြတာပေါ့ ကွာ ...
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ..နော ..
    ခင်မင်စွာဖြင့်
    လင်း

    ReplyDelete
  2. ၂၀၀၉ ကဗျာလေးနဲ့ ကုန်ဆုံးတော့မယ်အချိန်လေးကိုနုတ်ဆက်ရင်း၊ နှစ်သစ်ကိုကြိုဆိုကြတာပေါ့ မေလေး။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete