မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, December 17, 2009

အပျိုကြီးလေသံ

တကိုယ်တည်း အပျိုကြီးပေမယ့်
ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။
မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့
လာလာသမျှ ခါခါချနေရတာ စာဖွဲ့ပြမနေချင်ပါဘူး။
အပျိုကြီး ... အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး
ပြုံးတုံ့တုံ့ မျက်နှာပေး
အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး
တုတ်နဲ့ထိုးမိသလား။
မနိုင်ဝန်ဒဏ် သူခံနေရလို့လား။
တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။
(အပျိုကြီးဆိုတဲ့)
ဂုဏ်ရှိတယ်။ ဝင်ငွေရှိတယ်။
ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။
လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး
အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ်
အဟုတ်ထင်မနေကြနဲ့။
တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။
ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ
စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့
ပူပင်ကင်းလှ ဒီဘဝကို
(မမ) နေသားကျခဲ့ပြီ။



ဟဟားး မောင်လေး သော်ဇင်နဲ့ ဒီနေ့စကားပြောဖြစ်တော့ သူက မေလေးကို အပျိုကြီးတဲ့လေ ။။ သူ့ကို စ ချင်လို့ ဒီကဗျာလေးကို ကောက်ရေးလိုက်တာ။ မောင်လေးရေ စိတ်မဆိုးရဘူးနော်။။။။။ နှစ်သစ်မှာ ဘဝအမောတွေ ပြေနိုင်ကြပါစေနော်။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

19 comments:

  1. အောင်းမယ်လေး
    မစွံရင် မစွံဘူးပြောတာမဟုတ်ဘူး . . .

    ReplyDelete
  2. မေလေးရေ ကောင်းတယ်ဗျို့ ။ အပျိုကြီးတွေဆို စချင်နောက်ချင်တဲ့သူတွေ
    အတွက်ပေါ့။ ကဗျာလေးကိုဖတ်ရင်း ရယ်လည်းရယ်မိတယ်။ ထောက်ခံပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  3. အမလေး... ကဗျာ စဖတ်ကတည်းက ထင်လိုက်သားဗျာ။ ဒါဆိုရင် ကျွန်တော်က မလွတ်လပ်ဘူးဆိုချင်တာပေါ့။ အဲဒီစကားအဓိပ္ပါယ်လဲ သိပါတယ။် ခါချနေရတယ်ပေါ့။ ဟုတ်ပါပြီး။ မပြောတော့ပါဘူးနော်။ “ပြင်လွန်းလျှင်မလှ၊ ရွေးလွန်းလျှင်မရ” တဲ့။ ပေါက်ပါတယ်နော်။ အရွေးမလွန်မိစေနဲ့ အစ်မရေ...

    ReplyDelete
  4. မင်္ဂလာပါ မေလေး ရေ..

    ငယ်ငယ်တုန်းက ဗမာ့ဓား ကဗျာလေးကို ဖတ်နေရသလိုပဲ။ မာန်ပါတယ်။ ဟန်ပါတယ်။ အပျိုကြီးလေသံ ပီသပါပေတယ်။ ရေးလဲ ရေးတတ်ပါ့ဗျာ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  5. Anonymous18/12/09

    ထောက်ခံတယ် အမ ရေ

    ဘဝမှာ အဖော်မလို
    တယောက်ထဲ လျှောက်နိုင်တဲ့ ရဲရဲ တောက်တွေနော် ။

    ReplyDelete
  6. ကဗျာလေးကို ဖတ်ပီး အားတွေတက်လာတယ် အပြည့်အ၀ထောက်ခံတယ် ချစ်ညီမ နှစ်သစ်ကူးမှာ ချစ်သောသူတွေနဲ့ ပျော်ရွှင်ငြိမ်းချမ်းပါစေနော်

    ReplyDelete
  7. ကဗျာလေးကိုဖတ်ပြီး ကြိုက်တယ်

    ပုံ/အာပျိုကြီးမဟုတ်တော့သူ

    ReplyDelete
  8. ကဗျာလေးက ဖတ်လို့ကောင်းတယ်

    ReplyDelete
  9. သိပ်မှန်တာပဲ။ ကဗျာလေးကကောင်းလိုက်တာ...

    ReplyDelete
  10. ကဗျာလေးက တကယ့်အပျိုကြီးတွေရဲ့  မာန်အပြည့်ပါနေတယ်...
    ဖတ်ပြီးတော့ heart ထိသွားပေမယ့် အပျိုကြီးတော့ မဟုတ်တော့ဘူး။
    လေးစားပါတယ်... ကိုယ်တိုင်က ကဗျာမရေးတတ်ပေမယ့် ကဗျာရေးတတ်တဲ့ သူတွေကိုလေးစားပါတယ်။ ကဗျာလေးတွေကိုလဲချစ်တယ်လေ။

    ReplyDelete
  11. mielay24/12/09

    ဟုတ်ပ..အဟီး..အားပေးတယ် အမရေ...

    ReplyDelete
  12. ဆောင်းမြူခိုး26/12/09

    ဒါမှ မေလေးးးးး မာန် အပြည့်ပါတယ်...
    ဆက်ဆွဲထားးး
    နာလည်း လူတွေ အိမ်ထောင်ပြုတိုင်း ဘာနှမြောမှန်း မသိဘူး
    နိုချင်တယ် :P
    ကျောင်းတုန်းက ကောင်မလေးတွေ အိမ်ထောင်ကျပြီး ကျောင်းလာမတက်ကြတော့ဘူး
    စာမေးပွဲလာဖြေတော့ စုဗူးကြီး တကားကားနဲ့
    ငါ မြင်ရတာ စိတ်မကောင်းဘူး
    အရင်က ကျော့ကျော့လေးတွေကနေ လေးလေးပင်ပင်ကြီးတွေ ဖြစ်သွားကြတာ...

    ReplyDelete
  13. Anonymous7/1/10

    ရှင်သန်ခဲ့ကြ
    အိမ်မက်လှတို့
    မွှေးပျံ့ခဲ့ကြ
    ပန်းပွင့်လှလို
    ဆက်ရေးနိုင်စေ ကဗျာတွေ...............

    ReplyDelete
  14. ဟားဟား...မမင်း လည်း အရမ်းကြိုက်တယ်။ ဆရာမဂျူးလည်း ကြိုက်မှာ၊ ပြီးခဲ့ Singapore စာပေဟောပြောပွဲမှာ ပြောသွားတယ်လေ။ ရတာမလိုတာ ဟုတ်ပါတယ်တဲ့၊ ရလာတာတွေကို မလိုချင်ဘူးတဲ့။ လိုတာမရ ဆိုတာကတော့ လုံးဝ မှားပါတယ်တဲ့...ကျမက လိုကိုမလိုချင်တာ။ လိုချင်တာကို မရှိတာပါတဲ့လေ။ အပျိုကြီး ဂိုဏ်းဖွဲ့ ရင် ဂိုဏ်းချုပ်ခန့်မယ်... အဟေးဟေး =P

    ReplyDelete
  15. "e-အပျိုကြီး"
    မျက်နှာစာအုပ်မှာလေ ...
    လှတာတွေအကုန်ထုတ်ပါလို့ ...
    နှမကညာအစွံထုတ်သော်လည်း ...
    ဆွေးချက်ကယ်နာ ...
    Add လာတာအရာကြီးတွေမို့ ...
    ထွက်ခါသာပျိုမေပြေးရတယ် ...
    မရှောင်သာမုတ်ဆိတ်စူးမှာပေါ့ ...
    တွေးခက်လှသေး ...။

    ထက်သျှင်နောင်

    ReplyDelete
  16. ကဗျာကမိုက်တယ်...

    အစကတည်းက အဆုံးအထိ ရန်ပြန်တွေ့နေတဲ့ အတိုင်းပဲ...

    နောက်ဆို အဲဒီစကားလုံး မသုံးမိအောင် ဆင်ခြင်ပါ့မယ် မမ...

းဝ)

    ReplyDelete
  17. အပျိုကြီး တစ်ကယ်လုပ်မှာလား ပြောစမ်းပါ :P

    ReplyDelete
  18. Anonymous2/3/10

    I truely admire your poem. You are absolutely right.
    I also never needed a man in my life, however, I did choose to marry. I traded my freedom and peacefulness. So please be greatful that you are single and try to embrace it. With Best Wishes...

    ReplyDelete