မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, January 11, 2010

ပြိုခဲ့သည့်အိမ်

မြူတွေက ပါးပါး
မဝါးပေမယ့် မသဲကွဲ
အလဲလဲ ပြိုနေတဲ့ အဲဒီအိမ်ကလေးပေါ့
ငိုပေမယ့် အသံတိမ်နေတော့
ဖော့ထားတယ် ထင်ရတဲ့
မမြင်ရတဲ့ ဒီသံယောဇဉ်တွေထဲ
ပြန်မပြောချင်နေတဲ့ အတ္တတွေနဲ့
ခဏခဏ သေ။
နေမြင့်လေ အပူဝင့်လေ
ဖြေစရာကို ဖွေရင်း
အဲဒီအိမ်ကလေး နဲ့နဲ့ရင်းယိုင်
ခေါင်လား တိုင်လား
အကာလား အခင်းလား
ဘယ်အရာက အရင်စပြိုခဲ့လို့
ခုလို တစစီ လွင့်
တနင့်နင့်လေးတောင် လွမ်းခွင့်ဝေး။
ခပ်ညံ့ညံ့ လေနီကြမ်း
ဒီအိမ်ဝိုင်းထဲ ဝင်ရမ်း
သူ မငိုပေမယ့် အိမ်ကလေးကတော့ ပြို။
စကတည်းက ဖြိုစရာ မလိုအောင်
တိုထွာ တည်ခဲ့မိတာလား။
အခြေမယိုင်အောင် ဘယ်တိုင်က ခြစားနေခဲ့တာပါလိမ့်။
ခေါင်ကပြိုရင် မိုးယိုရုံပဲ
အကာကွာရင် အအေးမိရုံပေါ့
အခင်းပျက်ရင် မတ်တပ်နေမယ်
တိုင်မခိုင် ယိုင်ပြီးလဲတော့
အပြစ်ရယ် ဘယ်သူ့မှာမှ
တင်စရာ မရှိ။
အိမ်ကလေးရေ .......
ငါ မချိသွားဖြဲ ခပ်ပါးပါးလေးရယ်။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

9 comments:

  1. အဲဒီအိမ်က ကန်ထရိုက်ဆောက်ထားတာလား ... ပြိုမှာပေါ့

    ReplyDelete
  2. ခေါင်ကပြိုရင် မိုးယိုရုံပဲ
    အကာကွာရင် အအေးမိရုံပေါ့
    အခင်းပျက်ရင် မတ်တပ်နေမယ်
    တိုင်မခိုင် ယိုင်ပြီးလဲတော့
    အပြစ်ရယ် ဘယ်သူ့မှာမှ
    တင်စရာ မရှိ။


    ကဗျာရေးတာကောင်းလွန်းတယ်
    ပြည်သူအများစုရဲ့ အိမ်လေးတွေကို မြင်သွားမိတယ်

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာလေး မေလေးရေ...ဆက်ရေးပါနော်...ဘ၀အကြောင်းနဲ့ မိသားစုအကြောင်း လောကဓံတွေကို ကဗျာလေးနဲ့ ဖော်ပြသွားတယ်... so good my sis....

    ReplyDelete
  4. အခြေမခိုင်လို့ ပြိုခဲ့ရပေမဲ့ နောက်တကြိမ်ဆိုတာသာ ရှိခဲ့ရင် ခိုက်မြဲပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ပျောရွှင်ပါစေ သယ်ငယ်ချင်းရေ....

    ခင်မင်လေးစားလျှက်

    ReplyDelete
  5. ဟဲ့ နင့်အိမ်လေးတော့ မပြိုစေနဲ့နော်....

    ReplyDelete
  6. ညီမလေးရေ လာလည်တယ် မဲဆောက်ကိုလည်း ဒီညထွက်ဖြစ်မယ် မနက်ဖန် မနက် ဇန်န၀ါရီ ၁၄ရက်နေ့ရောက်မယ်ထင်တယ်. အခြေအနေပေးရင်တော့.တွေ့ဖြစ်မယ်ထင်ပါတယ်..အစ်မ ဖုန်းနံပတ်တစ်ချက်ယူထားနော်..၀၈၄ ၃၆၆ ၇၂၇၁ ခင်တဲ့မဆုမွန်

    ReplyDelete
  7. တိုင်မခိုင်မှတော့ ယိုင်ပြီးလဲပြီပေါ့...
    ဘဝတွေ လုံခြုံမှုမရှိတာကို ပြောချင်တာများလား...

းဝ)

    ReplyDelete
  8. Anonymous25/4/10

    ခံစားတတ်သူအတွက်တော့
    ခံစားချက်တွေပေါ့နော်

    ကဗျာလေးကို သဘောကျတယ်
    စားသားတွေကိုလည်း ကြိုက်တယ်

    ကိုယ်ကမစွမ်းပေမယ့်
    စွမ်းတဲ့သူတွေကိုတော့ လေးစားတယ် ...
    အားပေးတယ် ....

    စက်တင်စိုး

    ReplyDelete