မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, September 15, 2011

ရွာမယ်ဆိုရင်...

ဘယ်ရာသီပဲပြောင်းပြောင်း

မဟောင်းတာက သစ္စာ..ဆို။

ဆုံတွေ့ ကြုံကွဲ

မလွဲတာက သစ္စာ…ဆို။

ပျော်လည်း မဟူ

ငိုလည်း မခွဲ

တွဲလက်မြဲမယ့် သစ္စာ…ဆို။

စိုသာ စိုပစေ့ ။

ငိုစေမယ် မဟုတ်ပါဘူးလို့

သစ္စာဆို အခိုင်ခိုင်ချည်(ပေမယ့်)

ဘယ်အရာကို မဏ္ဍိုင်တည်လို့

ဘယ်မှာများ မည်ခဲ့တာပါလိမ့်။

မပီတဲ့ သရုပ်နဲ့ ဟန်လုပ်

ပြန်မရုပ်ပေမယ့် အဆန်လှုပ်နေတဲ့ ခြေနဲ့

နွေဆို နွေ

မိုးဆို မိုး

ဆောင်းမှာတောင် မသိုးဘူးလို့ဆိုတဲ့

သူ့သစ္စာတရားအတွက်

ဒီတခါရွာပေးရရင် ငါက ဓားပါ ရွာတတ်တော့မယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

3 comments:

  1. ငိုစေမယ် မဟုတ်ပါဘူးလို့

    သစ္စာဆို အခိုင်ခိုင်ချည်(ပေမယ့်)

    ဘယ်အရာကို မဏ္ဍိုင်တည်လို့

    ဘယ်မှာများ မည်ခဲ့တာပါလိမ့်။ အဲဒီအပိုင်လေးကြိုက်တယ်အစ်မရေ ချမ်းမြေ့ပါစေး)

    ReplyDelete
  2. မေလေးရဲ့ (သူ)ရဲ့မွေးနေ့မှသည် မွေးနေ့ပေါင်း ရာကျော်တိုင်ပါစေ.. နေ့ရက်တိုင်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆန္ဒအားလုံးပြည့်ပါစေလို့ ဆုမွန်တောင်းလျှက်

    ReplyDelete
  3. ဓါးဆိုလည်း“ဓါး”ပေါ့ဗျာ
    အခုတော့ရေချည်းရွာချနေလို့ စပါးတွေလည်းမြုပ်ကုန်ပြီ
    အပင်တွေလည်းသေကုန်ပြီ ဆန်လည်းမရှိတော့ဘူး
    ထင်းလည်းမခြောက်တော့ဘူး
    နွေဆိုတဲ့ကိုဟဝှာကြီး မြန်မာပြည်ကနေအပြီးအပိုင် လစ်သွား
    ပြီနဲ့တူတယ်
    ကြေကွဲလိုက်တာဗျာ မငတ် တငတ်ပါပဲ :P

    ReplyDelete